ခန္တီး ဒီဇင်ဘာ ၂၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးသွားလာကြမည့် ဝန်ထမ်းများနှင့်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ခန္တီးမြို့ပေါ်ရှိ မဲရုံအသီးသီးတွင် ယမန်နေ့က ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့ပေါ်ရပ်ကွက်တွင် မဲရုံ(၇)ရုံ ကျေးရွာများတွင် မဲရုံ(၃၀)ရုံနှင့် မဲရုံပေါင်း(၃၇)ရုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ဦးရေ (၂၆၅၁၀) ဦးရှိရာ ယမန်နေ့အထိ ခန္တီးမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးသူ ဦးရေ(၃၀၈)ဦး မဲပေးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)