မြိတ်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ

မြိတ်   ဇန်နဝါရီ   

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံ တစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဇန်နဝါရီလ()ရက် နံနက်ပိုင်းက လွတ်လပ် ရေးနေ့  အခမ်းအနားကို  မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

အလံတင်အခမ်းအနားကို နံနက်()နာရီ (၂၀)မိနစ်တွင် ကျင်းပရာ နိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့မှ အလံတိုင်ထိပ်သို့ လွှင့်တင် ခဲ့ကြပြီး နိုင်ငံတော်အလံနှင့်  အာဇာနည် ခေါင်းဆောင်ကြီးများအား  တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊  မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုခဲ့ကြသည်။

သဝဏ်လွှာဖတ်ပွဲအခမ်းအနားအား နံနက်()နာရီက ဆက်လက်ကျင်းပခဲ့ရာ ရှေးဦးစွာ နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင် ကြီးများအား  တိုင်းဒေသကြီး ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊  ခရိုင်အုပ်ချုပ် ရေးမှူးနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ လူမှုရေးအသင်း အဖွဲ့များက စုပေါင်းညီညာစွာ ဦးညွှတ် အလေးပြုခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှပေးပို့သော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ဖတ်ကြားသည်။   အခမ်းအနား တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ထုတ်ဝေသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို  မြိတ်ခရိုင်ရုံး ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက် )