မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်လုံးချမ်းသာနှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားကြီး၏ (၄၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဒေသစာရီလှည့်လည်အပူဇော်ခံ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်လုံးချမ်းသာနှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားကြီး၏(၁၁၈) နှစ်ပြည့်ဝိဇတပူဇာနှင့် (၄၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့တွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲအား ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးရှေ့၌ စုရပ်သတ်မှတ်ပြီး စတင်လှည့်လည်အပူဇော်ခံခဲ့သည်။

အဆိုပါလှည့်လည်ပူဇော်ပွဲတွင် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ဦးဆောင်၍ ဌာနဆိုင်ရာများ/ ရပ်ကွက်များအတွင်း အပူဇော်ခံထားရှိသည့် ရုပ်ပွားတော်မြတ်များသည် မဟာဗန္ဓုလ (၁၁) လမ်း၊ (၁၃) လမ်း၊ (၁၄)လမ်း၊ မင်းလမ်း၊ သမ္မာသမ္ဗုဒ္ဓ(မြို့ဦးစေတီ)၊ စိန်ပန်းပတ်လမ်း၊ တပင်ရွှေလမ်းတစ်လျှောက် မြို့တွင်းသို့ဒေသစာရီလှည့်လည်အပူဇော်ခံကာ မြို့နယ်နေဒေသခံပြည်သူများ၊ စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုတို့အား ကပ်လှူပူဇော်ခဲ့ကြပြီးည (၉:၃၀)ထိ မြို့အတွင်းသို့ လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)