ပန်းတနော်မြို့နယ်ရှိ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးငွေပေးအပ်ပွဲအခမ်းအနား

ပန်းတနော် ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့၌ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစိမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးငွေပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ပန်းတနော်မြို့အတွင်း ရောက်ရှိနေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာပြည်သူ(၂၂၉)ဦးအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ ( ၃ )လစာအဖြစ် ( ၁ )လျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် (၆၀၀၀၀)ကျပ်  စုစုပေါင်း ငွေကျပ် (၁၃၇၄၀၀၀၀)ကျပ် ကို မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပေးအပ်ခဲ့ပြီး အရှေ့ပိုင်းရပ် နေရပ်စွန့်ခွာ ပြည်သူ(၃)ဦးက လက်ခံခဲ့ရယူခဲ့သည်။ ဆက်လက်၍ အသက်(၁၈)နှစ်အထက် တိုင်ပွဲရှောင် ပြည်သူ(၁၄၄)ဦးအား ဆီ(၅၀)ကျပ်သား၊ ဆန် (၁)ပြည် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)