ဇလွန် ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရရှိသော ခွေးရူးရောဂါကာကွယ်ဆေး အဆ(၃၅၀) ကို mass vaccination (၃)နှစ်ဆက်တိုက် ထိုးနှံသည့်ကျေးရွာအုပ်စုများတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ခွေးရူးပြန်ရောဂါကူးစက်ဖြစ်ပွားလျှင် ရာနှုန်းပြည့်သေဆုံးနိုင်သည့် ရောဂါဆိုးမှ ကင်းဝေးစေရန် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မေရီလန်း၊ အဗျင်း၊ ဇော်ဂျီကွင်း ကျေးရွာအုပ်စုတို့ တွင် ခွေးရူးရောဂါကာကွယ်ဆေး (၂၀၄ ) အဆကို ထိုးနံပေးခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တောင်ပို့တရာကျေးရွာအုပ်စုတွင် ခွေးရူးရောဂါကာကွယ်ဆေး ( ၁၄၆ )အဆကို ထိုးနှံပေးခဲ့ပြီး mass vaccination (၃)နှစ်ဆက်တိုက် ထိုးနှံသည့် မေရီလန်း၊ အဗျင်း၊ ဇော်ဂျီကွင်း၊ တောင်ပို့တရာကျေးရွာအုပ်စု တို့တွင် နောက်ဆုံးနှစ်အနေဖြင့် ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဝေယံ(ပြန်/ဆက်)