ကော့သောင်း ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်လုပ်ငန်းရှင်များအား မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေအကြောင်း ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနည်းပညာပေးသင်တန်းကို ယမန် နေ့နေ့လည်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ဆောင်ရွက်သည်။
အဆိုပါ သင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်စန္ဒာဝင်းမှ အဖွင့်အမှာစကားပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပိုးသတ်ဆေးဥပဒေအကြောင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေး နည်းပညာပေးသင်တန်းအားပို့ချခဲ့ပြီး ခရိုင်မြေအသုံးချရေးတာဝန်ခံက မြေသြဇာဥပဒေအကြောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံက မျိုးစေ့ဥပဒေအကြောင်း ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)