ကျွန်းစုမြို့နယ်၌ လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ကျွန်းစု ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းများ အသိပညာပေးဟောပြောခဲ့ပြီး အသိပညာ‌ပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များ ခင်းကျင်းပြသရာ ကျောင်းသား၊‌ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့သည်။

ထို့နောက် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲနှင့် ပျော်ရွင်ဖွယ်ကစားနည်းများဖြင့် ပြိုင်ပွဲအား ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)