တီးတိန်မြို့၌ ခရစ္စမတ်အကြို မတ်ဆုံစားပွဲပြုလုပ်ကျင်းပ

တီးတိန် ဒီဇင်ဘာ ၂၄

ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တီးတိန်မြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များနှင့် မြို့မိမြို့ဖများ ခရစ္စမတ်မိတ်ဆုံစားပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ “လောကဝမ်းမြောက်ဘုရားကြွလာ” သီချင်းသီဆိုကြပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန် ဇခုပ်ကနှုတ်ဆက်စကားပြောကြားရာတွင် ခရစ္စမတ်ဖြစ်ပေါ်ရခြင်းနှင့် ခရစ္စမတ်၏အနှစ်သာရများပြောကြားကာငြိမ်သက်ခြင်းအရှင်အဖဘုရား၏အုပ်စိုးမှုသည်လူသားများအပေါ် သက်ရောက်ပါစေကြောင်း နှုတ်ခွန်းဆက်သသည်။

ဆက်လက်၍ တီးတိန် EBC အသင်းတော်မှ သင်းအုပ်ဆရာတော် Rev.Dr နန်လျန်းကပ်က လူသားအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်သာစရာ သတင်းခေါင်းစဉ်ဖြင့် ခရစ္စမတ်ဒေသနာ (Message) ဟောကြားခဲ့ပြီး CMBC အသင်းတော်မှ သင်းအုပ်ဆရာတော် Rev ဝုန့်ဆွင်းမုန်က ခရစ္စမတ်အထူးဆုတောင်းမေတ္တာပို့သသည်။

ထို့နောက်တက်ရောက်လာသူများအား အမှတ်တရခရစ္စမတ်လက်ဆောင်များ ပေးအပ်ကာ ပျော်ရွှင်စွာ ခရစ္စမတ် မတ်ဆုံစားပွဲအတူတကွ သုံးဆောင်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)