ဒေးဒရဲ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိမည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စစ်တုရင်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁) နာရီက ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာ အထက်တန်းကျောင်းများက ကျောင်းသားများ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းအဆင့် စစ်တုရင်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း