ဘားအံမြို့ လူငယ်စင်တာ(Youth Centre)တွင် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်း (၂/၂၀၂၅) တတိယနေ့ ဖွင့်လှစ်သင်ကြား

ဘားအံ ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့ လူငယ်စင်တာ(Youth Centre)တွင် အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စ၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းတတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် စာကြည့်တိုက်အသုံးပြုသူများအား ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် ကလေးငယ်များ စာကြည့်တိုက်များတွင် ပျော်ရွှင်လာစေရန်အတွက် ဆောင်ရွက်ပေးခြင်းနှင့် စာကြည့်တိုက်စီမံခန့်ခွဲမှုလက်စွဲပါအတိုင်း မျိုးတူစုပြုစုခြင်းများဆိုင်ရာ ဘာသာရပ်ကို သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အခြေခံပညာကျောင်းစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များမှ စာကြည့် တိုက်မှူးများ စုစုပေါင်း(၅၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာနှင့်ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်ပညာရပ်များကို လေ့လာသင်ယူပြီး ပြန်လည်အသုံးချတတ်သည့် စာကြည့်တိုက်မှူးကောင်းတစ်ယောက်ဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)