သာယာဝတီ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မဲရုံများ မီးဘေးလုံခြုံရေး ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။
သာယာဝတီမြို့နယ် သာယာဝတီခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်မြင့်ကျောနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်တို့၏ ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ မီးဘေးလုံခြုံရေးကော်မတီဝင်များက ရွေးကောက်ပွဲကာလအတွင်း ပြည်သူများ အေးချမ်းစွာမဲပေးနိုင်ရေးအတွက် မဲရုံ(၁၁၀)ရုံများအား မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မဲရုံများနှင့် မဲရုံပတ်ဝန်ကျင်းအနီးလူနေအိမ်များ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးဘေးလုံခြုံရေးစစ်ဆေးမှုအား အရှိန်ဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)