မော်လမြိုင်ကျွန်းမြို့နယ်၌ တတိယအကြိမ်မဲစာရင်း ထုတ်ပြန်ကြေညာထားရှိ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၄

ဧရာဝတီ၊ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ယနေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုကို လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တွေ့ဆုံအားပေးခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသီဟန်စီနှင့် အဖွဲ့ဝင်များက မဲစာရင်းလာရောက်ကြည့်ရှုသူပြည်သူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် စိစစ်ဆောင်ရွက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်များ၏အခက်အခဲများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ပထမအကြိမ်ရွေးကောက်ပွဲအား ရပ်ကွက် (၁၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀၈) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ မိမိတို့၏ အမည်ပါမပါနှင့် မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မဲပေးပိုင်ခွင့်များဆုံးရှုံးမှုမရှိစေ‌‌ရေး ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် တတိယအကြိမ် မဲစာရင်းများကို သတ်မှတ်နေရာများတွင် ဒီဇင်ဘာလ (၂၃) ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ ထုတ်ပြန် ကြေညာထားရှိမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌထံမှ သိရသည်။

ရဲကိုမောင် (ပြန်ဆက်)