ဟင်္သာတ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ သံယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့လိုက်ပါ၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ပင်မသုံးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား/သူများက “မြကျွန်းညိုညို”၊ “စံတော်ချိန်” သီချင်းများဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ချီးမြှင့်ငွေအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပေးအပ်ချီးမြှင့်ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်မှ လက်ခံရယူခဲ့သည်။ ထို့နောက် ကျောင်းသား/ သူ များက “တစ်ချိန်တုန်းက တက္ကသိုလ်” တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ချောင်းဖျားကြီး ကျေးရွာအုပ်စု၊ စည်ကုန်း(မြောက်)ကျေးရွာသို့ရောက်ရှိခဲ့ပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ (တိုင်းဒေသကြီး ဘက်ဂျက်)ဖြင့် ဆောင်ရွက်သော လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးဖွင့်ပွဲ ဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ခြင်း၊ အမွှေးနံ့သာရည်ဖျန်းပက်ပေးခြင်း၊ တက်ရောက်လာသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာအတွင်း မီတာများတပ်ဆင်ထားရှိမှု၊ လက်တွေ့အသုံးပြုနေမှုတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ဒေသလိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ရာ တိုင်းအဆင့်၊ ခရိုင်အဆင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)