ဘုတ်ပြင်းမြို့နယ်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ဘုတ်ပြင်း ဒီဇင်ဘာ ၂၄

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဘုတ်ပြင်းမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများကို တတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၂၃ ရက် နံနက်မှ စတင်ကပ်ထားကြေညာပေးရာ မဲဆန္ဒရှင် ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များအနေဖြင့် ၂၃.၁၂.၂၀၂၅ ရက်နေ့မှ ၂၅.၁၂.၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများတွင်လည်းကောင်း၊ ၂၆.၁၂.၂၀၂၅ ရက်နေ့မှ ရွေးကောက်ပွဲကျင်းပမည့် ၂၈.၁၂.၂၀၂၅ ရက်နေ့ မဲပေးခြင်းပြီးဆုံးသည်အထိ သက်ဆိုင်ရာမဲရုံများတွင်လည်း ကောင်း ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ကြေညာထားသည့် (၅၆) မြို့နယ်မှလွဲ၍ ကျန်မြို့နယ်များအနေဖြင့် ၂၃.၁၂.၂၀၂၅ ရက်နေ့မှ ၅.၁.၂၀၂၆ ရက်နေ့အထိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၁၄ ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)