ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ တက်ရောက်

ဇလွန် ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇလွန်မြို့ လမ်းမတော်မြောက်ရပ်ကွက် စံပယ် (၇) လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေး​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးအောင်ကျာ်စိုးက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများအား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များပေးအပ်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

လမ်းမတော်မြောက်ရပ်ကွက် စံပယ်(၇)လမ်းကွန်ကရစ်လမ်းသစ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄ -၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ပစ္စည်းစျေးနှုန်းအဆိုပြုလွှာစနစ်၊ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ပစ္စည်းစျေးနှုန်း အဆိုပြုလွှာစနစ်ဖြင့် အဆိုပြုလွှာအောင်မြင်သော ခိုင်ဝင်းသာကုမ္ပဏီက လမ်းအရှည် (၆၆၈)ပေ ၊ လမ်းအကျယ် (၁၀ ) ပေ၊ ထု (၆) လက်မလမ်းဖြစ်ပြီး စုစုပေါင်းကုန်ကျငွေ (၂၉.၇၇၇) သန်းဖြင့် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဝေယံ