ဂန့်ဂေါမြို့တွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားမှုအား ပြည်သူများလာရောက်ကြည့်ရှု

ဂန့်ဂေါ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)တွင် မဲပေးနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့ပေါ်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြော်ညာဘုတ်များဖြင့် ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ကြေညာကပ်ထားရာ ပြည်သူများလာရောက် ကြည့်ရှုကြသည်။

အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ မြို့ပေါ်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မြို့ပေါ်ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းတွင် မိမိတို့အမည်ပါဝင်မှု ရှိ/မရှိကို လာရောက်ကြည့်ရှုကြပြီး တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း