လက်ပံတန်းမြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာများအတွင်း ကပ်ထားကြေညာလျက်ရှိ

လက်ပံတန်း ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်/ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ယနေ့က စတင်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  ရပ်ကွက်/ကျေးရွာအုပ်စု ၄၉ အုပ်စုတွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်အမည်စာရင်းများကို ပြည်သူများအလွယ်တကူ ကြည့်ရှုနိုင်ရန် စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိ‌ရေး ကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)