လက်ပံတန်း ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများအား ပန်းခင်း(၃)စီမံချက်အရ One Stop Service ဖြင့် ကတ်ပြားအသစ်ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက (၂)လမ်းမြို့နယ်ခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုကို သာယာဝတီခရိုင် စီမံခန့်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ုကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြတ်ထွဋ်နှင့်ဌာနဆိုင်ရာများ၊ လက်ပံတန်းမြို့နယ် မြေပြင်ကွင်းဆင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် ဌာနဆိုင်ရာများတက်ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ပံတန်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး ပျက်စီးလျှောက်ထားသူ ၃၄၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)