သရက်မြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်း ဆောင်ရွက်

သရက် ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် ယမန်နေ့မှစတင်ပြီး ဆောင်ရွက်ခဲ့သည်။

အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်များ ကြေညာခြင်းများကို ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၃)အုပ်စုတို့ရှိ ကော်မရှင်အဖွဲ့ခွဲ့ရုံးများတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင်ဘာ ၂၈ ရက်နေ့ထိ နောက်ဆုံးမဲဆန္ဒရှင်စာရင်းများကို ကြေညာခြင်းဖြစ်ကြောင်း၊ သရက်မြို့နယ်အနေဖြင့် မဲရုံပေါင်း (၅၈) ရုံရှိပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၁)အုပ်စုတို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်လုလင်(သရက်)