ကော့သောင်း ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ကစ၍ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းကပ်ထားမှု ကြေညာထားရှိမှုများအား မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုသည် (တတိယအကြိမ်) ကပ်ထားကြေညာမှုဖြစ်ပြီး ဒုတိယကြိမ် ကြေညာမှုတွင် မဲစာရင်းမပါဝင်သူများအား ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းဆောင်ရွက်ထားရှိခြင်း၊ မပါဝင်သင့်သူများပါဝင်နေသူများအား ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းစသည့် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရှိပြီးသည့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)