သနပ်ပင်မြို့နယ် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

သနပ်ပင် ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပံခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့မဈေးအတွင်း ဇာတ်တိုက်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

မီးဘေးလုံခြုံရေးအသိပညာပေးခြင်း လုပ်ငန်းများအနေဖြင့် မီးလောင်မှုများ နှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေဆုံးရှုံးမှုများအား လျော့နည်းသွားစေရန်၊ လုပ်သားပြည်သူများနှင့် ဝန်ထမ်းတိုင်းအရေးပေါ် မီးငြှိမ်းသတ်ခြင်းနှင့် မီးလောင်မှုများမဖြစ်ပွားစေရေး မိမိကိုယ်တိုင် အရေးပေါ်မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မီးဘေးလုံခြုံရေးဇာတ်တိုက်သရုပ်ပြရာတွင် အောက်ဆီဂျင်ဖြတ်တောက်၍ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း ထော်လီမီးသတ်ဆေးအသုံးပြုခြင်း၊ ဂတ်စ်အိုးအသုံးပြုခြင်းနှင့် ဆီမီးလောင်းမှုအား မီးသတ်ယာဉ်များဖြင့် လက်တွေ့သရုပ်ခဲ့သည်။

 

ထို့နောက် မီးဘေးလုံခြုံရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဈေးသူ၊ဈေးသားများတက်ရောက်ခဲ့ပြီး ဇာတ်တိုက်သရုပ်ပြခြင်း များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)