ကန်ကြီးထောင့် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပညာရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အဆင့်သင်ထောက်ကူပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌ကျင်းပရာ ခရိုင်ပညာရေးမှူး ဆရာကြီးဦးဘုန်းဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများက တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဆရာကြီးဦးဘုန်းဇော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲနိုင်လွင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးက ပြိုင်ပွဲနှင့်စပ်လျဉ်း၍ အမှတ်ပေးစည်းမျဉ်းများအားပြောကြားပြီး အကဲဖြတ်အမှတ်ပေးမည့်ဒိုင်များနှင့် မိတ်ဆက်ပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်ပညာရေးမှူး ဆရာကြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များက ပြိုင်ပွဲဝင်ရောက်ယှည်ပြိုင်ကြရန် ခင်းကျင်းပြသထားသည့် သင်ထောက်ကူ (မူပုံ/ကားချပ်/သေတ္တာ) များအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။ ကန်ကြီးထောင့်မြို့နယ်ပညာရေးဦးစီးဌာနအနေဖြင့် အဆိုပါပြိုင်ပွဲအား သင်ထောက်ကူပစ္စည်းများ အသုံးချ၍ စနစ်သစ်သင်ကြားနည်းများဖြင့် သင်ကြားပေးရာတွင် ပိုမိုထိရောက်အောင်မြင်စေရန်၊ တတ်မြောက်မှုကို ကြာရှည်ထိန်းနိုင်ရန်နှင့် ကျောင်းသား/သူများမှ သင်ခန်းစာများတွင် စိတ်ပါဝင်စားမှုရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ဆုပေးပွဲအား မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်တွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)