ဟားခါး ဒီဇင်ဘာ ၂၃
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ဒေသဘာသာစကားဖြင့် ပြန်ဆိုထားသည့် မဲဆန္ဒရှင်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကိမ်ပိန်းကို ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်လမ်း၊ ခရိုင်စုပေါင်းရုံးရှေ့နှင့် တလန်ဟရောန်းလမ်း ချင်းပြည်နယ် လွှတ်တော်ရုံးရှေ့များတွင် ဆောင်ရွက်ကြသည်။
ထိုသို့ မဲဆန္ဒရှင်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကိမ်ပိန်းဆောင်ရွက်နေမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင် / မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက လူစည်ကားရာများဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ ခရိုင်စုပေါင်းရုံးရှေ့နှင့် တလန်ဟရောန်းလမ်း ချင်းပြည်နယ်လွှတ်တော်ရုံးရှေ့များတွင် လမ်းသွားလမ်းလာ ပြည်သူများထံသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)