စေတုတ္တရာ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၇ နာရီမှစတင်၍ တတိယအကြိမ်(နောက်ဆုံးအကြိမ်)အဖြစ် မဲစာရင်းများကပ်ထားကြေညာ ထားရှိပြီးဖြစ်သည်။
စေတုတ္တရာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် ၁၄ ရက်ကြာ ကပ်ထားကြေညာခဲ့ပြီးဖြစ်ပြီး မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာမည်ဖြစ်သည်။ မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံ၌ မဲစာရင်းစိစစ်လက်မှတ်ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲစာရင်းလာရောက်ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။
စေတုတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ နောက်ဆုံးအကြိမ်အဖြစ် မဲစာရင်းကပ်နှံကြေညာထားရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူစုစုပေါင်း ၂၄၄၅၃ ဦးရှိကြောင်းနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)