ပေါင်းတည် ဒီဇင်ဘာ ၂၃
ပဲမျိုးစုံ စိုက်ပျိုးလျက်ဖြစ်ထွန်းလျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ ပဲမျိုးစုံစိုက်ပျိုးရာတွင် နွားကျင်ငယ်ရေကို သဘာဝမြေဩဇာအဖြစ် တွင်ကျယ်စွာ အသုံးပြုလာကြကြောင်း ပဲစိုက်တောင်သူများထံမှ သိရှိရသည်။
ဆေးဖျန်းပုံးအတွင်းသို့ နွားကျင်ငယ် ရေတစ်လီတာနှင့် ရေ ၂၀ လီတာ ရောစပ်ထည့်၍ ပဲခင်းများအတွင်း ၁၅ ရက် သက်တမ်းမှစ၍ အခါအားလျော်စွာ ပက်ဖျန်းပေးပါက စိုက်ပျိုးရေးဆေးများ တိုက်ကျွေးသကဲ့သို့ အာနိသင်ရရှိ၍ ဘေးထွက်ဆိုးကျိုး လုံးဝမရှိကြောင်း၊ ထို့အပြင် အထူးကုန်ကျစရိတ် လုံးဝမရှိဘဲ သဘာဝနည်းဖြင့် အခြားစိုက်ခင်းများထက် ဖြစ်ထွန်းကောင်းမွန်လာကြောင်း ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာ ပဲတီစိမ်းစံပြစိုက်ခင်းပိုင်ရှင် တောင်သူ ဦးစိုးလွင်က ရှင်းပြခဲ့သည်။
ထို သဘာဝမြေသြဇာ အသုံးပြုနိုင်စေရန် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က တောင်သူများသို့ ဖြန့်ဝေအသိပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ဆောင်းသီးနှံစိုက်ပျိုးရာသီမှစတင်၍ ပဲမျိုးစုံစိုက်ပျိုးရေးလုပ်ငန်းခွင်တွင် တောင်သူများအနေဖြင့် နွားကျင်ငယ်ရေကို စိုက်ပျိုးရေးဆေးအဖြစ် ကျယ်ပြန့်စွာ အသုံးပြုနေကြကြောင်း သိရှိရသည်။
ရွှေသား