မင်းလှမြို့နယ်၌ MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချ

မင်းလှ ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်းတို့၌ ပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ စောရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲရုံး ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ခိုင်တို့က ရွေးကောက်ပွဲ၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများအား MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း၊ စက်များကို ကိုင်တွယ်အသုံး ပြုနည်းများ၊ မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆန္ဒမဲပေးမည့်နေ့တွင် မဲပေးစက်များ အသုံးပြုဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ဆွေးနွေးပို့ချပြီး  လက်တွေ့တပ်ဆင်အသုံးပြုခြင်းများ သင်ကြားပို့ချသည်။

အဆိုပါသင်တန်းသို့ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဆရာ/ဆရာမဝန်ထမ်းစုစုပေါင်း (၃၅၀) ဦး တက်ရောက်ကြောင်း၊သင်တန်းကို ဒီဇင်ဘာ (၂၃) ရက်နေ့မှ (၂၄)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)