သာယာဝတီမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး

သာယာဝတီ ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ သာယာဝတီခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌  One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သာယာဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သာယာဝတီမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ အိမ်ထောင်စုဇယာားပုံစံ (၆၆/၆) တွင် ပါရှိပြီး အသက် (၁၈)နှစ်ပြည့်၍ မှတ်ပုံတင်မပြုလုပ်ရသေးသည့်သူများ၊ (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) ခြင်းနှင့်  Biometric (UID) ကတ်ပြုလုပ်ပေးခြင်းတို့ကို One Stop Service ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါဆောင်ရွက်ပေးနေမှုအား သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်နှင့် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)