မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

မြို့သစ် ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး၊ အသက်(၁၈)နှစ်ပြည့်ပြီးသည့် ပြည်သူအားလုံးပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲအသိပညာပေးနံရံကပ်စာစောင်တွင် MEVM မဲပေးစက်နဲ့ဘယ်လိုမဲပေးကြမလဲ၊ ဆန္ဒမဲပေးရာတွင်သိရှိလိုက်နာရန်အချက်များ၊ သတိပေးတားမြစ်ချက်များ၊ မဲပေးစက်ဖြင့်မဲပေးပုံအဆင့်ဆင့်နှင့် ရွေးကောက်ပွဲအသိပညာပေးအကြောင်းအရာများအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)