ဒေးဒရဲမြို့နယ်၌ တတိယအကြိမ် ထုတ်ပြန်ကြေညာမည့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးစိစစ်

ဒေးဒရဲ ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မဲစာရင်းများ မှန်ကန်ရေးနှင့် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်နိုင်ရန် ဒုတိယကြိမ်ထုတ်ပြန် ကြေညာထားသည့်မဲစာရင်းပေါ်တွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများအတွက် မဲစာရင်းများ စိစစ်ခြင်းလုပ်ငန်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မြတ်သူက တတိယအကြိမ်ထုတ်ပြန်ကြေညာမည့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ စစ်ဆေးဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တတိယအကြိမ်ကပ်ထားကြေညာမည့် မဲစာရင်းများမှန်ကန်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များပူးပေါင်း၍ မြို့နယ်မဲစာရင်းစစ်ဆေးရေး အဖွဲ့များက ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်မှုများ ပြုလုပ်၍ တတိယအကြိမ် မဲစာရင်းများ မှန်ကန်စေရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါ ပြင်ဆင်ထားသည့် မဲဆန္ဒရှင်စာရင်းများကို ဒေးဒရဲမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် တတိယအကြိမ်အနေဖြင့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့မှ စတင်၍ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)