ငါးသိုင်းချောင်း ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အကြိမ်(၃၀) မြောက်အာစရိယပူဇော်ပွဲနှင့် ဈေးရောင်းပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ ညနေပိုင်းမှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတော်ကြီး၏ အကြိမ်(၃၀)မြောက် ပုလဲရတုအထိမ်းအာစရိယပူဇော်ပွဲကိုကျင်းပပြီး ပျော်ပွဲရွှင်ပွဲများအဖြစ် မြို့အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူလေးများ၏ ကပြသီဆိုမှုများပါဝင်ပြီး နိုင်ငံကျော်တေးသံရှင်များပါလာရောက်ဖျော်ဖြေခဲ့ကြသည်။
ထိုသို့ကျင်းပရာတွင်လည်း စျေးရောင်းပွဲတော်များ၊ စားသောက်စရာစျေးဆိုင်များအပြင် ကလေး၊ လူကြီးများပါ ကစားနိုင်ရန်အတွက် ကစားပွဲများပါထည့်သွင်းပြုလုပ်ထားပြီး ရပ်နီးရပ်ဝေးများမှအလည် အပတ်လာရောက်ချင်သူများကိုလည်း လာရောက်နိုင်ရန်အတွက် ပွဲတော်ရက်ကိုရှည်ကြာစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)