တီးတိန်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်

တီးတိန် ဒီဇင်ဘာ ၂၂

ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့် တီးတိန်မြို့နယ်အတွင်း တိုက်ပွဲရှောင်နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စေတနာအပေါ်လေးစားမြတ်နိုးတန်ဖိုးထားရန်အရေးကြီးကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရွေးကောက်ပွဲတွင်မိမိ၏ ဆန္ဒမဲများသွားရောက်မဲပေးရန်လို‌ကြောင်း၊ ယခုတိုက်ပွဲရှောင်ထောက်ပံ့ပေးအပ်မှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ဇူလှိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ (၃)လစာအတွက် တစ်ဦးလျှင်‌ ခြောက်သောင်းကျပ် ထောက်ပံ့ပေးထားကြောင်းစသည်များ ပြောကြားခဲ့သည်။

ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ကြသည်။ အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် လူဦးရေ ၃၅၂ ဦးအတွက် ၂၁,၁၂၀,၀၀၀/-ကျပ် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)