မြောင်းမြ ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းနှင့် တာဝန်ရှိသူများက အိမ်မဲမြို့တွင် အမျိုးသမီးရေးရာအဖွဲ့မှ အသေးစားချေးငွေထုတ်ချေးထားသော လုပ်ငန်းများ တိုးတက်မှုအခြေအနေအား ကြည့်ရှုရန် ကျေးရွာများ၌ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်း၊ ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အသေးစားချေးငွေ ထုတ်ချေးထားသော အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာအုပ်စုနှင့် လေးအိမ်တန်းကျေးရွာအုပ်စုရှိ ပန်းစိုက်ခင်း၌ လည်းကောင်း၊ တရုတ်ပိုင်းကျေးရွာအုပ်စုရှိ ငါးချဉ်လုပ်ငန်း၊ ကောက်ညှင်းကျဉ်တောင့်လုပ်ငန်းနှင့် ငါးခြောက်လုပ်ငန်းများ၌လည်းကောင်း ဒေသခံလုပ်ငန်းရှင်ပြည်သူများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)