ကလိန်အောင်မြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် အလံလွှင့်တင်ခြင်းအခမ်းအနား ကျင်းပ

ကလိန်အောင် ဒီဇင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ မိကျောင်းလှောင်းကျေးရွာ(ရွာသစ်)ရှိ ဘောလုံးကွင်း၌ ယနေ့ နံနက်ပိုင်းက ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် အလံလွှင့်တင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ‌ ရတနာမာန်အောင်ကျောင်းတိုက် ဆရာတော် အရှင်ပညာဝံသ၊ KNU ရေဖြူမြို့နယ်ဥက္ကဋ္ဌ စောချစ်ချစ်၊ အတွင်းရေးမှူး စောအာကာလင်းနှင့် အဖွဲ့ဝင်များ၊ ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နှင့် ကျေးရွာသူ/သားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၈၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား‌နေ့အလံလွှင့်တင်ပြီး ရတနာမာန်အောင်ကျောင်းဆရာတော် ပညာဝံသမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရေပုံးကျေးရွာမှ နော်ရှင်းသန့်လူမှ ကရင်အမျိုးသားနေ့ အသိမှတ်ပြုဥပဒေမူကြမ်းထုတ်ပြန်ချက်ကို ဖတ်ကြားခြင်း၊ မိ‌ကျောင်းလှောင်းကျေးရွာမှ ကရင်အမျိုးသမီးငယ်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ KNU ဗဟိုမှ စောဝင်းမောင်  ပေးပို့လာသော သဝဏ်လွှာကို မိကျောင်းလှောင်ကျေးရွာမှ ကရင်ရွာလူငယ် စောချစ်ဖွယ်မှ ဖတ်ကြားခြင်း၊ ထို့နောက် ရေပုံး‌ကျေးရွာမှ စောရဲသူရိန်မှ ကရင်နှစ်သစ်ကူးကော်မတီမှ ပေးပို့လာသည့်သဝဏ်လွှာကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားခြင်း၊ လယ်ဒိုး‌စိုးမြို့နယ်ဥက္ကဋ္ဌ စောချစ်ချစ်မှ အမှာစကားပြော‌ကြားခြင်း၊ ၎င်းနောက် ကရင်လူငယ်များမှ စုံတွဲတေးသီချင်းများဖြင့် ဖျော်ဖြေသီဆိုခြင်း၊ မိကျောင်းလှောင်ကျေးရွာမှ နော်အယ်ထားမူမှ ကရင်ဘာသာဖြင့် ကရင်အမျိုးသား‌နေ့နှစ်သစ်ကူးဖြစ် ပေါ်လာပုံအကြောင်းကို ဖတ်ကြားခြင်း၊ ကရင်အမျိုးသားအလံဖြစ်‌ပေါ်လာခြင်းအကြောင်းကို မြန်မာဘာသာဖြင့် နော်ရွန်ယွန်းစိုးမှဖတ်ကြားခြင်း၊ ပြီးနောက် ရေပုံးကျေးရွာ သင်းအုပ်ဆရာ စောဟာဗွီမှ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် တိုက်တွန်းနှိုးဆော်စကားပြောကြားခြင်း၊ ထို့နောက် ကရင်မောင်မယ်သစ်လွင်လူငယ်များမှ ဒုံးယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး မိကျောင်းလှောင်ကျေးရွာ သင်းအုပ်ဆရာမှ  ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသူများမှ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)