ငဖဲမြို့နယ်၌ မဲစာရင်းပါရှိသည့်သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မဲပုံးများအတွင်း ထည့်သွင်းဆောင်ရွက်

ငဖဲ ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းမဲစာရင်း ပါရှိသည့် မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မဲပုံးများအတွင်းထည့်သွင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိဦးမင်းသီဟသန်းက မြို့နယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲ လက်မှတ်စာအိတ်များအား ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြင်ပရှိကြိုတင်ဆန္ဒမဲပေးထားသည့် ကျောင်းသား/ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ်များအားမှတ်ပုံတင်၍ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များရှေ့မှောက်တွင် ဖွင့်ဖောက်၍ ချိပ်ပိတ်ထားသောမဲပုံးအတွင်းသို့ တာဝန်ရှိသူများက ထည့်သွင်းဆောင်ရွက်သည်။

ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

မယု(ငဖဲ)