ပလောက် ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးခြင်းအခမ်းအနားကို မူလွန်(ပလောက်)ကျောင်း ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက KG ကျောင်းသား၊ ကျောင်းသူကလေးများကို အစာအုပ်စု(၃)စုနှင့်ညီမျှသော အာဟာရဖြစ်ဖွယ်အစားအစာများကို ကျွေးမွေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူကလေးများအတွက်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ရာသို့ ပလောက်မြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)