ငရုတ်ကောင်းမြို့တွင် ဆောင်းဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့ချစိုက်ပျိုး

ငရုတ်ကောင်း ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတောင်သူ ဦးဝင်းနိုင်၏လယ်မြေ၌ ဆောင်းဆီထွက်သီးနှံ(ပဲပုပ်)မျိုးစေ့များအား စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

ဆောင်းဆီထွက်သီးနှံ (ပဲပုပ်)(၂)ဧကအား မြို့နယ်အတွင်း စားသုံးဆီဖူလုံစေရန် စိုက်ပျိုးခြင်းဖြစ်ပြီး အဆိုပါစိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်း၊ မြို့ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးရဲအုပ်ထူးနိုင်၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးမိုးကျော်၊စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေနိုင်၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တောင်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့‌‌နှင့်ဒေသအတွင်း စားသုံးဆီဖူလုံစေရန်ရည်ရွယ်ပြီး ကျေးရွာများတွင် ဆောင်းဆီထွက်သီးနှံ ပဲပုပ် (၃၅) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)