ရှမ်းရွာသစ်မြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

ရှမ်းရွာသစ်   ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေ့ထူးနေ့မြတ်များ အကြောင်း သိရှိစေရန်နှင့် ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍  ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက် မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနှင့် အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို မြို့ပေါ်ရပ် ကွက်များ၊ လူစည်ကားရာနေရာများ၊ ဈေးဆိုင်များနှင့် လမ်းသွားလမ်းလာပြည်သူများတို့အား ယနေ့နံနက် ပိုင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ အမျိုးသား ညီညွတ်ရေးကိုအခြေခံ၊ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်၊ ညီညွတ်ရေးကို ဦးတည်ကြပါ၊ လွတ်လပ်ရေး သစ္စာအဓိဌာန် (၉) ချက်၊ မြင်းမူမောင်နိုင်မိုး၏ လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးသတိကဗျာ၊ လွတ်လပ်ရေး နေ့နှင့်ပတ်သက်သော ကာတွန်း များနှင့် ဆောင်ပုဒ်များ ပါဝင်သော သတင်းစကား လက်ကမ်းစာစောင်ကို  ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများတို့က ပြည်သူများ ကကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ သည်။

ဇင်လေး(ပြန်/ဆက်)