သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ကုသ

သာပေါင်း ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၉ နာရီအချိန်က အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါရှာဖွေစမ်းသပ် ကာကွယ်ကုသခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့်ကျန်းမာရေးဝန်ထမ်းတို့က သာပေါင်းမြို့နယ်ဆေးရုံ NCD Clinic တွင် လာရောက်ပြသကြသော အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူ (၁၀၂) ဦးတို့ကို ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးများအခမဲ့ပေးကာ ကျန်းမာရေးပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး