အောင်လံ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အောင်လံမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၈ နာရီက အောင်လံမြို့၊ ရွှေညောင်ပင်ကျေးရွာ ရန်ကုန်-ပြည် လမ်းမကြီးနှင့် အ.ထ.က (၁) ကျောင်းရှေ့နေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီမှူးနှင့် ဝန်ထမ်းများက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)ကို ခရီးသွားပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)