ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးသင်တန်း ဖွင့်လှစ်

ရွှေတောင် ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန် ယမန်နေ့က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးသင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်လှစ်ပို့ချရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က ပြည်သူ့စာကြည့်တိုက် ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စာကြည့်တိုက်စီမံခန့်ခွဲရေးလုပ်ငန်းစဉ် (၇) ရပ်၊ စာစုလုပ်ငန်းဖြစ်သည့် စာအုပ်များစုဆောင်ခြင်း၊ ဖွင့်ဖောက်စစ်ဆေးခြင်း၊ မှတ်ပုံတင်ရေးသွင်းခြင်းနှင့် စာကြည့်တိုက်တံဆိပ်ရိုက်နှိပ်ခြင်းအကြောင်းအရာများ၊ စာပြုလုပ်ငန်းဖြစ်သည့် သုတ/ရသခွဲခြားခြင်း၊ တိုက်ပိုင်မှတ်ပုံတင်ခြင်း၊ ရည်ညွှန်းစာအုပ်ခွဲခြားခြင်း၊ ကတ်တလောက်လုပ်ငန်းနှင့် စာအုပ်များစစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းအကြောင်းအရာများ ပျောက်ဆုံးမှုမရှိစေရန်နှင့် ရှိခဲ့ပါက လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စာကြည့်တိုက် လက်ထောက်- ၃ဒေါ်ရွှေဝတ်ရည်တိုးက စာအုပ်ငှားရမ်းခြင်းနှင့် စာငှားစနစ်အသုံးပြုရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ သတင်းစာများနှင့်ပြန်တမ်းများ စာအုပ်ချုပ်ထိန်းသိမ်းခြင်း အကြောင်းအရာများ၊ ရက်လွန်စာအုပ်များ နှိုးဆော်ထိန်းသိမ်းခြင်းအကြောင်းအရာများ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှုနှင့် စာကြည့်တိုက်တွင် မှတ်ပုံတင်စာရင်း ရေးသွင်းရမည့်ဇယားပုံစံများကို ဒီဇင်ဘာလ(၁၇)ရက်မှ (၁၈)ရက်အထိ ဆွေးနွေးသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)