မကွေး ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ဆယ်အိမ်စုမှူးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ စုပေါင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က မိခင်နှင့်ကလေးစာင့်ရှောက်ရေးအသင်းသည် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မိခင်နှင့်ကလေးများ၏ လူမှုရေးစောင့်ရှောက်မှုပေးခြင်းဖြင့် မိသားစု၏ ဘဝအဆင့်အတန်းမြင့်မားလာစေရန်အတွက် အထောက်အကူဖြစ်ရန်ဖြစ်ပြီး၊ ပညာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပညာရေးကဏ္ဍနှင့် မိသားစုဝင်ငွေတိုးရေးကဏ္ဍစသည့် အခြေခံလိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မျိုးဆက်ပွားကျန်းမားရေး ကဏ္ဍတွင် ပါဝင်ကူညီပေးခြင်းအကြောင်း၊ အဟာရတိုက်ကျွေးရခြင်းအကြောင်း၊ ကူးစက်နိုင်သော ရောဂါနှင့်မကူးစက်နိုင်သောရောဂါများအကြာင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအကြောင်း စသည့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးပို့ချခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များမှ ပညာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများအကြာင်း၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများအကြောင်းကို ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် အမျိုးသမီးအဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ ဆယ်အိမ်စုမှူးသင်တန်းကို ၁၇-၁၂-၂၀၂၅ ရက်နေ့မှ ၁၈-၁၂-၂၀၂၅ ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)