တောင်ငူ ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ကြသည်။
ထိုသို့ကျင်းပရာတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က မောင်မယ်သစ်လွင်များအား အမှာစကားပြောကြားပြီး နည်းပညာတက္ကသိုလ်(တောင်ငူ)၊ စီနီယာအစ်ကိုကြီး၊ အစ်မကြီးကိုယ်စား နောက်ဆုံးနှစ်ကျောင်းသားကြီး မောင်ကောင်းဇော်ဟိန်း ကကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့် ဌာနမှူးများက (၂၀၂၄-၂၀၂၅)ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများက အစီအစဥ်အတိုင်း တေးသီချင်း၊ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် မောင်မယ်သစ်လွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ(၃၃၀)ဦးနှင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၀၇၄)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)