လက်ပံတန်းမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

လက်ပံတန်း ဒီဇင်ဘာ ၁၈

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးသတိပြုရေး မီးဘေးကြိုတင်ကာကွယ်နိုင်ရေး၊ ဈေးများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဈေးမီးဘေးလုံခြုံရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့မှ အပိုင်းအလိုက်စနစ်တကျထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဈေးကော်မတီအဖွဲ့နှင့် မီးသတ်ဦးစီးဌာနမှ ဈေးအတွင်း မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာ၌ ပထမဦးစွာ Fire Point  နေရာအား ဈေးမီးဘေးလုံခြုံရေးအဖွဲ့မှ DCP မီးသတ်ဆေးဗူးဖြင့် ကနဦးမီးငြှိမ်းသတ်ခြင်း၊ ဗဟိုမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်အုပ်စုများနှင့် အရန်မီးသတ်စခန်းများမှ ယာဉ်အုပ်စုများမှ ဈေးအဆောက်အဦပတ်ပတ်လည်ရှိ သတ်မှတ်နေရာများသို့ရောက်ရှိနေရာယူကြ၍ Fire Point နေရာအား ပူးပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုခြင်းများကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးလင်းကျော် ဦးဆောင်၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးမီးဘေးလုံခြုံရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊  စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီတို့ပူးပေါင်း၍ ဗဟိုမီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ လက်ပံတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဈေးသူဈေးသားများတက်ရောက်ခဲ့ ကြသည်။

မြို့နယ်(ပြန်/ဆက်)