ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကိုးပင်မူလတန်းကြိုကျောင်း၏ သမီးငယ်များက အာရှမြန်မာသီချင်းဖြင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်က ကာယစွမ်းရည်ပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသော ကိုးပင်မူလတန်းကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် မိဘပြည်သူများအား မူလတန်းကြိုကျောင်း အကြီးတန်းနှင့် အငယ်တန်းတို့မှ သားငယ်၊ သမီးငယ်များက ပိန်ပေါင်ခြင်းထည့်၊ ချိုချဥ်ကိုက်၊ ဂုဏ်နီအိတ်စွပ်၊ ဖိနပ်စီး၊ စကောရွက်စသည့် ကစားနည်းပြိုင်ပွဲတို့ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ကိုးပင်မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့်ဌာနဆိုင်ရာများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)