ကံမ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၂)နာရီက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာများပြသခြင်းကို အမှတ်(၃)ရပ်ကွက်၊ မဒေးဝအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ရှေးဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဓါတ်ပုံနှင့်နံရံကပ်စာစောင်များကိုပြသရာ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုမှတ်တမ်း ဓါတ်ပုံများ၊ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သော လွတ်လပ်ရေးသမိုင်းကြောင်းများအား ပြသခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)