ဖျာပုံမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” Bill Board စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှုများ ဆောင်ရွက်

ဖျာပုံ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံ​မြို့တွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးပိုစတာ Bill Board စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ချောင်းတွင်း လမ်းမကြီးဘေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများက “ဒို့အတူတူမဲပေးကြမယ်” Bill Board အား အမွှေးနံ့သာရည်ပက်ဖျန်း စိုက်ထူပေးခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

 ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူ ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေး လှုံဆော်သည့် အနေဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု​ကြီး​​​​ကြပ်ရေးအဖွဲ့များ ပါဝင်သော အဖွဲ့များ၊ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာ​စောင်များကို လမ်းသွားလမ်းလာပြည်သူများ၊ လူစည်ကားသည့် စျေး၊ ကားဂိတ်၊ ကယ်ရီဂိတ်များရှိ ပြည်သူများလက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ခရိုင် (ပြန်/ဆက်)