ပခုက္ကူတက္ကသိုလ်၌ စုပေါင်းမဟာဘုံကထိန်အောင်ပွဲ ကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသော စုပေါင်းမဟာဘုံကထိန်းအောင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ပခုက္ကူမြို့၊ မဟာဝိဇယာရာမပါဠိတက္ကသိုလ် (အရှေ့) ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြသည်။

ထို့နောက် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ ဆရာမများက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ကြပြီး လှူဒါန်းမှု အစုစုအတွက်ရေစက်သွန်းချအမျှဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသည်။

ပခုက္ကူတက္ကသိုလ်၊ ဗုဒွဘာသာအသင်းမှ ကြီးမှူးကျင်းပသော စုပေါင်းမဟာဘုံကထိန်အောင်ပွဲတွင် ပဒေသာပင်တန်ဖိုး ငွေကျပ် ၁၂၄၅၄၈၀၀နှင့် ဝတ္ထုပစ္စည်းတန်ဖိုး ငွေကျပ် ၃၆၅၁၆၀၀၊ စုစုပေါင်းငွေကျပ် ၁၆၁၀၆၄၀၀ ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)