ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ရွှေကျင် ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းတွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်း‌အေးအေးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်နှင့် အထက်တန်းပြဆရာကြီး ဦးကိုကိုအောင်တို့ပါဝင်ပြီး Grade(11)မှ ကျောင်းသူ မယဉ်ယဉ်‌ထွေးက လူငယ်နှင့်အနာဂတ်၊ Grade(10)မှ ကျောင်းသား မောင်ညီလင်းထက်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade(8)မှ ကျောင်းသူ မရွှေရည်မြင့်မြတ်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade(7)မှ ကျောင်းသူ မစုမြတ်ရတီက လူငယ်နှင့်‌‌ပေါင်းသင်းဆက်ဆံ‌ရေး အစရှိသည့် အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးသွားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ကျောင်းသား/ကျောင်းသူလေးများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်နှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသ၊ စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာ‌စောင်များအား ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)