သဲကုန်း ဒီဇင်ဘာ ၁၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်ကျရောက်မည့် မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁)နှစ်မြောက် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က အာဟာရဒါနကျွေးမွေးလှူဒါန်းပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ အာဟာရဒါနကျွေးမွေးလှူဒါန်းပွဲကို သဲကုန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်စန်း ဦးဆောင်၍ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးဝမ်းတင်နှင့် ဝန်ထမ်းများက သဲကုန်းမြို့နယ် မူလတန်းကြိုကျောင်းရှိ ကလေးငယ် (၃၅) ဦးအား အာဟာရဖြည့် ပဲနို့နှင့် ကိတ်မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)