အောင်လံ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အောင်လံမြို့၊ အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထက်ဇော်မင်းက မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍လည်းကောင်း၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေးများ ကျရောက်လာပါက ရှောင်ရန်၊ ဆောင်ရန်နေထိုင်ရမည့် နည်းလမ်းများကို ပြောကြားခဲ့ပြီး၊ လက်တွေ့သရုပ်ပြသခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)